Saturday, March 1, 2014

ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း

ပုံပြင်ထဲမှာလမ်းလျှောက်ခြင်း
-သစ္စာနီ-
The Wolf and The Watch Dog


ဒီနေ့တစ်နေ့လုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့စာအုပ်ကို ကျွန်တော်ဖတ်နေတယ်။ တော်တော်ကောင်းတဲ့ စာအုပ်ပဲ။ လွတ်လပ် ရေး၊ တရားမျှတရေး .. အင်မတန်ကောင်းတဲ့ စကားလုံးတွေပဲ။ ညနေစောင်းတော့ တစ်နေ့လုံးစာဖတ်နေရတာ ညောင်းညာတာနဲ့ လမ်းလျှောက်ထွက်လာခဲ့တယ်။
       တောစပ်တစ်နေရာမှာ ပိန်လှီနေတဲ့ ဝံပုလွေတစ်ကောင်နဲ့ အင်မတန်ဆူဖြိုးတဲ့ကိုယ်လုံးရှိတဲ့ ခွေးကြီးတစ်ကောင် စကားပြောနေတာ တွေ့တာနဲ့ ကျွန်တော်လည်း ရပ်တန့်နားထောင်လိုက်တယ်။ တကယ်ဆို ခွေးနဲ့ဝံပုလွေဆိုတာ တည့်ကြတာမဟုတ်ဘူး။ ခွေးကြီးက ..
  'မိတ်ဆွေ .. ကျုပ်လို ခင်ဗျားဆူဖြိုးချင်သလား။ လွယ်ပါတယ်။ အစာရေစာလေး မလောက်မငစားရဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ဒီတောထဲက ထွက်ခဲ့။ ကျုပ်နောက်သာလိုက်ခဲ့' လို့ ပြောတယ်။ ဝံပုလွေက ..
'အဲဒီမှာ ဘာတွေလုပ်နေတာလဲ' လို့ ပြန်မေးတယ်။ ဒီတော့ ခွေးဟာ ..
'အလုပ်သိပ်မရှိပါဘူးဗျာ။ သခင့်ခြံနား ကပ်လာတဲ့လူတွေ့ရင် ဟောင်လိုက်။ သခင့်မိသားစုနဲ့တွေ့ရင် အမြီးလေးနန့်လိုက်။ သူတို့ သဘောကျသလိုနေရင် သူတို့က ခင်ဗျားကို စာြး<ွကင်းစားကျန်တွေ ကျွေးလိမ့်မယ်' လို့ ပြန်ပြောတယ် ဒီတော့ ဝံပုလွေက စဉ်းစား တယ်။
ဒီခွေးဟာ တော်တော်အနေချောင်တာပဲ။ ခရိုနီသေလို့ ဝင်စားတာလားမသိဘူး။ အမြီးလေးနန့်ပြရုံနဲ့ စာြး<ွကင်းစားကျန်တွေ ရတယ်။ သူတို့စာြး<ွကင်းစားကျန်တွေဆိုတာကလည်း အကောင်းစားတွေနေမှာပေါ့လို့။ ဒါနဲ့ အဲဒီခွေးကြီးခေါ်ဆောင်ရာကို လိုက်သွား တော့တာပဲ။
ဒီတော့မှ ကျွန်တော်သဘောပေါက်သွားတယ်။ ကျွန်တော်လမ်းလျှောက်လာရင်း အီစွတ်ပုံပြင်တွေထဲက ဓွှ့နျွှသူ် ညေိ အ့န တအေခီ့သါဓ ဆိုတဲ့ ပုံပြင်ထဲ ရောက်နေပါလားလို့။အဲဒီပုံပြင်ကို ကျွန်တော်အစအဆုံးဖတ်ဖူးတော့ ကောင်းကောင်းသိနေတယ်။ အဲဒီဝံပုလွေဟာ ခွေးနဲ့အတူ မနေဖြစ်ပါဘူး။ လမ်းရောက်တော့ ဝံပုလွေက ခွေးရဲ့လည်ပင်းပေါ်က အမွှေးကျွတ်နေတဲ့နေရာကို တွေ့ ပြီး 'အဲဒါ ဘာဖြစ်တာလဲ' လို့ မေးတယ်။ ခွေးက မမှုတဲ့လေသံနဲ့ ..
'အသေးအဖွဲပါဗျာ။ ကျုပ်တို့ကို ချည်နှောင်ထားတဲ့ လည်ပတ်အရာပါ' လို့ပြောတော့ ဝံပုလွေက ..
'အဲဒါဆို ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ပြေးလွှားနေလို့ မရဘူးပေါ့' လို့ အလန့်တကြားမေးတယ်။ ဒီတော့ ခွေးက ..
'ဒီကိစ္စက ဘာအရေးကြီးလို့လဲဗျာ' တဲ့။ ဝံပုလွေက ..
'သိပ်အရေးကြီးတယ်။ ခင်ဗျားလို ဘဝမျိုး ဘယ်တော့မှ အရောက်ခံမှာမဟုတ်ဘူး' လို့ ပြောရင်း သူနေထိုင်ရာတောကို ပြန်ဝင် သွားတော့တယ်တဲ့။

မူလဥပဒေသ
လွတ်လပ်မှုမရှိတဲ့ စည်းစိမ်ဟာ ရယူပိုင်ဆိုင်ထိုက်တဲ့အရာ မဟုတ်ပါဘူး။


ဒါပေမယ့် ... အပြင်မှာတော့ ပုံပြင်နဲ့လွဲနေပါတယ်။ အဲဒီဝံပုလွေဟာ ခွေးနဲ့အတူတူ လိုက်မြဲလိုက်သွားတယ်။ မကြာခင် သူလည်း သခင်တွေတွေ့ရင် အမြီးနန့်ပြတတ်လာပါတယ်။ သူလဲ ခွေးလို ဆူဖြိုးလာတယ်။ ဒါပေမယ့် သူ့လည်ပင်းမှာတော့ သံကြိုးတန်းလန်း လည်ပတ်ကြီးနဲ့ပေါ့။

နောက်တိုးဥပဒေသ
တစ်ချို့သည် အခွင့်အရေးအနည်းငယ်ကို လွတ်လပ်ခွင့်နဲ့ ကြည်ကြည်ဖြူဖြူ လဲလှယ်လေ့ရှိပါသည်။

No comments:

Post a Comment